(၁) သူငယ်ချင်းတွေ စုဆောင်းပါ.................
> ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။
> သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို
> ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက်
> ကောင်းကောင်းတန်ဖိုးထားရမယ်။
> ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင်
> စိတ်တူကိုယ်တူ
> သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။
(၂) လက်လွတ်တတ်ဖို့ သင်ယူပါ...............
> ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊
> ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့
> သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက်
> အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင်
> အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။
(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ...............
> ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့
> အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို
> အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့
> ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊
> တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။
(၄) ဂီတကို နှစ်သက်ပါ..............
> ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက
> ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။
> ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက်
> ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
> (ကျွန်မဝါးလက်ခုတ်တီးတတ်တယ်)
(၅) သောကနှစ်မျိုးကို ရှောင်ပါ.............
> ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ...
> ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။
> ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။
(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ..........
> တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ
> တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။
> တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။
> ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ်
> မဟုတ်တော့ပါဘူး။
(၇) သူ့ကျေးဇူးကို သိတတ်ပါ........
> အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း
> ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း
> သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့
> ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင်
> ပိုမှန်လိမ့်မယ်။
(၈) အလုပ်ကို မြတ်နိုးပါ.......
> အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့်
> ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့
> အောင်မြင်မှုကို ခံစားစေတယ်။
(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့.......
> စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။
> တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊
> နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။
(၁ဝ) အားကစားလုပ်ပါ......
> ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့
> တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။
FWD mail မှဖော်ပြလိုက်ပါသည်။
29/11/2011
29/09/2011
ညစာသွားစားခြင်း။
အဲ.......ပြောရအုံးမယ်။မနေ့ကအလုပ်မရှိဘူးဗျ။မရှိဘူးဆိုပေမဲ့တနေကုန်အောင်စက်ရုံထဲမှာနေရတယ်။ပိုက်ဆံရတာပေါ့ဗျာ။ဟိုဟာလေးလုပ်လိုက်.......ဒီဟာလေးလုပ်လိုပ်နဲ့ပေါ့........ရောင်နေတာကများနေတယ်။ညနေပိုင်းရောက်တော့ညစာသွားစားကြရအောင်ပေါ့။ဟဲဟဲ ဒီကဘယ်ငြင်းမလဲလိုက်တာပေါ့။စက်ရုံကထ္မင်းဟင်းစားရတာလဲငြီးငွေ့လာပီလေ။ဒါနဲ့ ညနေ ၆း၀၀နာရီထိုးတော့ရေချိုးလိုက်တယ်။ပြီးတော့ည ၇း၀၀နာရီတော့တိုင်း(မ်)ကဒ်ရိုက်ပြီး ရှိုးစမိုးအပြည့်နဲ့ကားစောင့်နေခဲ့တာပေါ့။ခဏကြာတော့ကျွန်တော့်ဆရာကားရောက်လာပီးဆရာ့ကားနဲ့လိုက်လာခဲ့တယ်။ကျွန်တော်အဲ့ဒီဆိုင်လေးကိုရောက်တော့ ကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့အစားလေးတွေကိုဓါတ်ပုံရိုက်ခဲ့သေးတယ်။ကြိုတင်ပြီးဖုန်းဆက်ပြီးပြောထားတာလေ။ဆိုင်လေးကိုရောက်တာတော့နှစ်ခါလောက်ရောက်ဘူးတယ်။ဓါတ်ပုံကတော့ဒီတစ်ခါဘဲရိုက်ဖြစ်တယ်။ဆိုင်လေးကိုတော့မရိုက်ဖြစ်လိုက်ဘူး။
23/09/2011
မင်္ဂလာနံနက်ခင်းပါလို့ ပြုံးရွှင်စွာ နှုတ်ဆက်နိုင်အောင်
နံနက်ခင်းမှာစိတ်အေးချမ်းလန်းဆန်းနေမယ်ဆိုရင်အဲဒီနေ့တစ်နေ့လုံးဖြစ်ပျက်လာမယ့်ကိစ္စအဝဝကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိနေမှာပါ။သင့်အတွက်နေ့သစ်တိုင်းရဲ့အစဟာမင်္ဂလာရှိနေစေဖို့လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁) “ဒီနေ့ လုပ်ရန်” အစီအစဉ်များ ချရေးပါ
အိပ်ရာကနေ နိုးထလာတဲ့ အချိန်မှာ အချိန်စက္ကန့် ၃၀ လောက်ပေးပြီး တစ်နေ့တာ လုပ်ရမယ့် ကိစ္စရပ်တွေကို ချရေးပါ။ ဒီလိုအစီအစဉ် ရေးဆွဲပြီးတဲ့ အခါမှာလုပ်ရမယ့် အလုပ်တွေ တစ်ဝက်လောက် ပြီးသွားသလို ခံစားရပါလိမ့်မယ်။
၂) နံနက်စာကို ကောင်းကောင်းစားပေးပါ
ကာဗိုဟိုက်ဒရိတ်နဲ့ အသားဓာတ် ရောထားတဲ့အာဟာရရှိတဲ့နံနက်စာနဲ့နံနက်ခင်းကိုစတင်ပေးပါ။လေ့လာမှုတစ်ရပ်အရ နံနက်စာကို ကဖင်းဓာတ်ပါတဲ့ကော်ဖီတစ်ခွက်နဲ့ တွဲမှီဝဲတာက စိတ်ခံစားမှုကိုမြင့်တက်စေပြီးဉာဏ်ရည်ကိုထက်မြက်စေကြောင်း သိရပါတယ်။
၃) လေကောင်းလေသန့် ရှူရှိုက်ပါ
နံနက်ခင်းမှာအိမ်အပြင်ထွက်ပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ကာလေကောင်းလေသန့်ကိုရှူရှိုက်ပေးတာဟာ စိတ်လန်းဆန်းသွားစေပြီးကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ပိုမိုမြှင့်တင် ပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်း၊သစ်ပင်စိုက်ပျိုးခြင်းစတဲ့လှုပ်ရှားမှုတွေကိုအချိန်ငါးမိနစ်လောက်ပေးပြီးလေ့ကျင့်ပေးရုံနဲ့ဒီအကျိုးကျေးဇူးတွေကို
ရရှိလာမှာပါ။
၎) သဘာဝ၏ အသံကို နားဆင်ပါ
နံနက်ခင်းမှာရေတံခွန်ကရေကျသံနဲ့ငှက်ကလေးတွေရဲ့တေးသံသာတွေကိုနားဆင်ရတာဟာကြည်နူးစရာကောင်းလှပါတယ်။ နံနက်ခင်းမှာပြတင်းတံခါးကိုဖွင့်ပြီးသဘာဝလောကကြီးရဲ့တေးသံသာကိုနားဆင်ကြည့်ပါ။နေမြင့်တဲ့အထိတော့အိပ်မနေနဲ့ပေါ့နော်။
၅) ကောင်းသောအရာများကို အာရုံစိုက်ပါ
အိပ်ရာကနေနိုးပြီးတဲ့နောက်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာကိုငါးကြိမ်ပြုလုပ်ပါ။အဲဒီလိုအသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြီး စိတ်ကိုကြည်နူးပျော်ရွှင်အောင်ထားရှိတာဟာတစ်နေ့တာလုပ်ဆောင်ရမယ့်အလုပ်တွေကိုဆုံးဖြတ်ချက်ချနိုင်စွမ်းမြင့်မားလာစေပါတယ်။
၆) ချောကလက်ပူပူတစ်ခွက်သောက်ပါ
မကြာသေးခင်ကလေ့လာမှုတစ်ရပ်အရဖလေဗိုးနွိုက်ပါဝင်တဲ့ချောကလက်ပူပူတစ်ခွက်ကိုသောက်ပေးတာကစိတ်ခံစားမှု ကောင်းမွန်ကာ ကိန်းဂဏန်းနဲ့ ဆိုင်တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။ ချောကလက်အညိုရောင်ကိုအဆီထုတ်ထားတဲ့နို့နဲ့ရောဖျော်ပေးပါ။နို့ထဲမှာပါဝင်တဲ့ပရိုတင်းဓာတ်နဲ့ကယ်လ်စီယမ်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကိုနေ့ခင်းပိုင်းအချိန်အထိတည်ငြိမ်နေစေပြီးအာရုံစူးစိုက်နိုင်စွမ်းအားကိုကောင်းမွန်နေစေပါတယ်။
၇) သင့်ကိုယ်သင် သုံးသပ်ရန် အချိန်တို တစ်ခုပေးပါ
နံနက်ခင်းမှာအိပ်ရာကနိုးနိုးချင်းအိပ်ရာထဲကနေခုန်မထလိုက်ပါနဲ့။အိပ်ရာကနိုးလာချိန်မှာသင့်ခန္ဓာကိုယ်ကိုအာရုံစိုက်ပြီး ခန္ဓာကိုယ်တောင့်တင်းနာကျင် နေသလားဆိုတာ လေ့လာပါ။ အဲဒီနောက်မှာ အသက်ပြင်းပြင်းရှူသွင်းရင်း အကြော ဆန့်ထုတ်ပေးပါ။ ဒီနည်းလမ်းဟာ တစ်နေ့တာကို ရင်ဆိုင်ဖို့စိတ်နဲ့ ခန္ဓာက ခွန်အား ရရှိစေပါတယ်။
၈) ဘဝမှာ ထူးခြားသော အောင်မြင်မှုများအတွက် ပီတိဖြစ်ပါ
သင့်ဘဝအတွက်ထူးကဲတဲ့အောင်မြင်မှုရလဒ်တွေအပေါ်ကျေနပ်ပျော်ရွှင်ပါ။စိတ်ကူးယဉ်ခဲ့ဖူးတဲ့အလုပ်မျိုးကိုရရှိနေသလား ဒါမှမဟုတ် တကယ်ကောင်းတဲ့ဘဝအဖော်ကို ရရှိထားသလား . .စသဖြင့်ပေါ့။အဲဒီလိုဘဝအပေါ်ကျေနပ်စိတ်ဝင်တာက
ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းအပေါ် အားသစ်ခွန်သစ် ရရှိစေပါတယ်။
၉) ပူရှိန်းရေနွေးငွေ့ ရှုပါ
ပူရှိန်းထည့်ထားတဲ့ရေနွေးငွေ့ကိုရှူရှိုက်ပေးတာဟာခံစားမှုကောင်းစေပြီးအာရုံစူးစိုက်နိုင်စွမ်းကောင်းစေကြောင်းသုတေသန ပညာရှင်တွေက ဆိုပါတယ်။
သကြားမပါတဲ့ ပီကေဝါးပေးတာကလည်း အလားတူ အာနိသင်မျိုးကို ရရှိစေတယ်လို့ဆိုပါတယ်။
၁၀) ပြုံးပါ
ပြုံးတာဟာ သင့်စိတ်ကို ပြောင်းလဲသွားစေတဲ့ ရိုးစင်းသလောက် ထိရောက်တဲ့နည်းလမ်းလေးပါ။ပြုံးတာဟာနံနက်ခင်း ကာလကစပြီး တစ်နေ့တာလုံးအထိ စိတ်ကိုရွှင်ပျနေစေ ပါတယ်။

ဤဆောင်းပါးကိုကျွန်တော့်မေးလ်မှကူးယူဖော်ပြလိုက်ပါသှ်။
~ သူငယ်ချင်း ......
သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့
ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း
တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့
သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့
သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့
သူငယ်ချင်းတွေလည်း ရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက
ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး
အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။
သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့
ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့
သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့
သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို
ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။
သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။
တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့
မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့
အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို
စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့
ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို
မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်
မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ
သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆု
ပြုလိုက်ပါတယ်။
ဖိုးသား

18/09/2011
အမူးသမား..၁၁..ပါး..အများ..သိစေရန်။
အမူးသမား..၁၁..ပါး..အများ..သိစေရန်
* ၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ
* ၂)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသူ
* ၃)ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ
* ၄)မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ
* ၅)၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ
* ၆)ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ
* ၇)တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ
* ၈)နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ
* ၉)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကို ဘာမျှမမှတ်မိဟု ပြောတတ်သူ
* ၁၀)မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ ( လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်
* ၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ
ဒီပို့လေးကိုမေး(လ်)ကနေကူးယူဖော်ပြထားပါသှ်။

21/08/2011
အဖေပြောတဲ့ စိတ်ကြေးမုံ
ကျွန်တော်ဆဌမတန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေကကျွန်တော့ ကို ရေကူးသင်တန်းတက်ခိုင်းပါတယ်။
သင်တန်းမှာ ယောက်ကျားလေးမိန်းခလေး တူတူရေကူးသင်ရတယ်လေ..။
ရေကူးဖောင်းဘီက သိပ်ကပ်လွန်းလို့ အတူသင်နေတဲ့ မိန်းခလေးတွေ အပေါ် မသင့်တော်လို ဖေဖေကို ကျွန်နော်က အပေါ်ကတစ်ထပ် ၀ယ်လိုကြောင်းပြောပြပြီး ဖေဖေရုံးပိတ်ရက်တစ်နေ့ ဖေဖေနဲ့ ကျွန်နော်မြို့ ထဲ ထွက်လာခဲ့ ပါတယ်..။

ဖေဖေကိုကျွန်နော် နားမလည်ချင်တော့ဘူး…၊ကားစပယ်ယာလို လူဗလန်လေး တစ်ယောက်က
ကားပေါ်မှာ ဟိုကပ် ဒီတိုး ဒီလိုနေပါ အော်ဟောက်ပြီးပြောနေတာ ဖေဖေကလုံးဝ ဒေါ်သထွက်ခြင်းအလျှင်းမရှိဘဲ၊ စပယ်ယာခိုင်းသမျှ လိုက်လုပ်နေလို့ ပေါ့၊ ကျွန်နော်ရဲဖေဖေက စိတ်ဆိုး ဒေါ်သထွက်တတ်တဲသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာဖတ်ပြီးနေတတ်တယ် ။ ဒါပေမယ့်လေဖေဖေက ဗန်တိုဗန်ရှည် မြန့်မာ့သိုင်းပညာရှင်တစ်ယောက်ပါ။ စပယ်ယာလိုလူ့ ဗလန်လေး တစ်ယောက်ကိုများ ဘာကြောက်စရာရှိလည်း…။
နောက်ပြီးတော့ဘောင်းဘီဆိုင်ရှေ့ မှာလည်း ဆိုင်ရှေ့မှာ ခဏရပ်ပြီး ဘာဝယ်ရင် ကောင်းမလဲလို့ ဖေဖေနဲ့ ကျွန်နော် ကြည့်နေတာ ကျွန်တော်လည်း ကိုယ့်ကြိုက်တဲ့ အမျိုးစားရွေးနေတာကိုး….။ ဒါပေမဲ့ ဘောင်းဘီ ရောင်းသော အဒေါ်ကြီးရဲ့ မျက်နှာထားကို ကျွန်တော် မကြိုက်ပါဘူး.။ ကိုယ်ဆီကို ဈေးလာဝယ်သူကို သူကြည့်နေသော အကြည့်က ဘာခိုးမလို့လဲ ဆိုသော အကြည့်မျိုး….။
ကျွန်တော်လည်း နောက်ဆုံး သိပ်မရွေးတော့ပဲ တစ်ထည်ဝယ်လိုက်ပါတယ်၊ ဖေဖေက ကျသင့်ငွေ
ကို သူ့ လက်ထဲ ရိုသေတဲ့ ပုံနဲ့ ထဲ့ ပေးပါတယ်၊၊ ဒါကို အဲ့ ဒိအဒေါ်ကြီးက ပြန်အမ်းငွေ ကို ဖေဖေ လက်ထဲတောင်မှ ပြန်မထည့်ပဲ ကောင်တာပေါ်ကို ချပေးတယ်.။
ဒါကို ကျွန်တော့် ဖေဖေက ဘာမှ မဖြစ်သလို ကောက်ယူလိုက်ပြီး “ ကျေးဇူးပါပဲ ..။ ” လို့ ပြောပြီး ထွက်လာတယ်.။
လမ်းမှာ ကျနော်က ခုန ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖေဖေကို…ပြောချင်လာပါတယ်။
“ဖေဖေ ကားပေါ်ကစပယ်ယာကလည်းရိုင်းတယ်နော်…၊”
“အင်း…အများနဲ့ ဆက်ဆံရတော့ သူလည်း ဒီလိုပုံဖြစ်သွားတယ်နဲ့ တူပါရဲ့ ”
“ ဘောင်းဘီဆိုင် အဒေါ်ကြီူးက ဘယ်လိုကြီးလဲ မသိဘူးနော်..ဖေဖေ။ ”
“ ဟုတ်တယ် သား… ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတာတော့ ခက်မယ့်ပုံပါ ၊ဒါပေမယ့် သူဆိုင်က ဈေးမှန်တယ်လေ.။ ”
“ ဒါကိုများဖေဖေက ကျေးဇူးတင်ပါတယ်တွေ ၊ ဘာတွေ လုပ်နေသေးတယ်.။”
“ ဒီလိုတော့ မဟုတ်သေးဘူးလေ သားရဲ့ .။ သူ့ဖာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။
ကိုယ်ကတော့ ကိုယ့်ပုံစံဆိုတာ ရှိနေရမှာပဲလေ.။ သူက ကိုယ့်ကို ဒီလို ဆက်ဆံလို့
ကိုယ်ကလည်း သု့လို ဆက်ဆံမယ် ဆိုရင် ကိုယ့်မှာ ကိုယ့်ပုံစံဆိုတာ ဘယ်ရှိတော့မလဲ
သားရဲ့ ။ ”
” သားမှာလည်း သားပုံစံ ၊ သားစတိုင်ရှိတယ်လေ၊.
ကဲ..သားကော အတူရေကူးနေတဲ့ မိန်းခလေးတွေ အမြင်မသင့်တော်မှာစိုးလို့ ထပ်ဝတ်ဖို့ သား အခုဝယ်တယ် မဟုတ်ဘူးလား…
ဖေဖေ က သားအခုလို စိတ်လေးရှိတာသိရတော့ ဖေဖေက စိတ်ချပြီး၊ ပီတိလည်းဖြစ်တယ်သား
..
ဒါဟာ ဖေဖေသားရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သားရဲ့ စိတ်ဓါတ်လို့လည်း ပြောလို့ ရတယ်…
ဟုတ်တယ်မလား..သား…”
“လူတွေမှာ လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး ရှိတယ်သား.။
**မှန် နှင့်တူသော လှုမှုဆက်ဆံရေး
**ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး
မှန် နှင့်တူသော လှုမှုဆက်ဆံရေး
ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ကိုယ့်ကို
ဘယ်လို လာဆက်ဆံရင် ကိုယ်ကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့
ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ်
ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး
စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး
ပြုံးနေတတ်ကြတယ်.။
ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး
ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။
တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့
ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက
ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။
ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။
ကျောက်ရုပ်တွေလိုပေါ့ သား ။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊
ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။
တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင်
ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ
မျိုးတွေပေါ့.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော
ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။
ကဲ…နားလည်ပြီလားသား..?.၊ သားလည်းသားရဲ့ စိတ်ဓါတ်လို့ ပြောလို့ ရတဲ့ ဆက်ဆံရေးမျိုးကိုဘဲ
သားတစ်သက်လုံး လူတွေ အပေါ်ဆက်ဆံစေခြင်တယ်..”။
ဖေဖေပြောတာဟုတ်ပါတယ်လေ.။
အမှန်တရားတွေရဲ့ ထုံးစံ အတိုင်းပါပဲ..ကောင်းမွန် သင့်တော်တယ် ဆိုတာတွေက လိုက်လုပ်ဖို့ ခက်နေပါလိမ့်မယ်.။
ချစ်သောသား
ရွှေအိမ်စည်
ချစ်သောသား
ရွှေအိမ်စည်
(ဘ၀ပေါင်းများစွာကျွန်တော် တော်စပ်ခဲ့ ရသောအဖေများသို့ ဂါရ၀ပြုရင်း၊)
ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူ အမည်ထိ ကူးပြီးဝေဌာနိုင်ပါသည်။
ဤဆောင်းပါးကိုကျွနုပ်မေး(လ်)မှကူးယူဖော်ပြလိုက်ပါသည်။
05/07/2011
01/07/2011
ဟာသ
စာတွေဖတ်ရတာလဲပျင်းလောက်ရောပေါ့ဗျာ.......စာချစ်သူများအတွက်စိတ်ပျော်ရွင်အောင်ဘာလုပ်ပေးရမလဲပေါ့၊စဉ်းစားလိုက်တော့ဟာသဇာတ်လမ်းလေးဒေါင်းထားတာလေးသတိရလိုက်တယ်။ဒါနဲ့
စာကိုချစ်သောစာချစ်သူတွေအတွက်ရီစရာဟာကလေးတင်းပေးချင်းဖြစ်ပါတယ်။ဒီဟာသလေးကိုကြည့်ပြီးသူတွေအတွက်တော့ဟာသဖြစ်ချင်မှဖြစ်မှာပါ။မကြည့်ရသူတွေအတွက်တော့ရီရမှာပါ။ရီသောသူအသက်ရှည်၏တဲ့။
28/06/2011
မိဘတွေကို ကြည့်ရင် ကိုယ့်ပုံရိပ်ကို မြင်နိုင်ပါတယ်.............
မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လို
မသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော
့ရင်…

21/06/2011
ဘလော့ဖြစ်ပေါ်လာခြင်း
ကျွန်တော်ဘလော့ကိုဖတ်တဲ့သူတိုင်းစိတ်မညစ်စေလိုပါဘူး။အားလုံးကိုပျော်ရွင်စေချင်ပါတယ်။ဒါပေမဲ့ကျွန်တော့်ဘလော့ကစိတ်ကိုပျော်ရွင်စေမဲ့ဘလော့မျိုးလဲမဟုတ်ပါဘူး။စာပေကိုချစ်မြတ်နိုးသူတိုင်းကိုစိတ်အနှောက်အရှက်မဖြစ်ရင်ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော့်ဘလော့ဟာတစ်ခြားသောဘလော့မျိုးတွေနဲ့မတူပါဘူး။ဒါကိုစာဖတ်သူကကျွန်တော့်ဘလော့ကိုကြည့်ပြီးဝေဖန်ကောင်းဝေဖန်လိပ်ပါ့မယ်။ဦးနှောက်အရုပ်ခံပြီးဝေဖန်ချင်မှလဲဝဖန်မှာပါ။တစ်ချို့ဆိုကျွန်တော့်ဘလောကိုဖွင့်ကြည့်ကြမှာတောင်မဟုတ်ပါဘူး။ဘလော့ကြည့်နေသူတိုင်း၊စာပေဖတ်ရှုသူတိုင်းကျွန်တော့်ဘလော့ကဘယ်အဆင့်ထိရှိတယ်ဆိုတာသိကြပါတယ်။ကျွန်တော့်ဘလော့ဟာစာပေချစ်မြတ်နိုးသူတို့တွေ့မြင်တဲ့အတိုင်းပါဘဲစာအရေးအသားနှင့်ဒီးဇိုင်းအနေအထားကဘာဆို ဘာတစ်ခုမှမကောင်းပါဘူး။နောက်ပြီး ဒီဘလော့ကိုလဲကျွန်တော်လုပ်တတ်လို့လုပ်တာမဟုတ်ပါဘူး။ဟိုလုပ်ဒီလုပ်ရင်းနဲ့ ဖြစ်သွားတာပါ။ပြီးတော့ ကျွန်တော်ကစူးစမ်းချင်တဲ့စိတ်ရှိတယ်လေ။
20/06/2011
ဝက်သားနှင့်အာလူး
မနေ့ကငါးမျှားအပြန်အိမ်ရောက်တော့ဗိုက်ကရမ်းဆာနေပြီလေ။အိမ်မှာကလဲဝက်သားနဲ့အာလူးဘဲရှိတာ။ဆာလိုက်တာကလဲပြောမနေပါနဲ့။တစ်နေကုန်ဘာမှမစားရသေးတော့အတွင်းထဲကစက်တွေကကျိတ်လိုက်ကြတာကြေမတတ်ဘဲ။ဒါနဲ့ရှိတာလေးကိုကဗျာကရာလေးလုပ်ပြီးချက်စားလိုက်တာပေါ့။ကိုကြီးကျော်ကမြန်မြန်ချက်ကွာငါလဲဗိုက်ဆာနေပြီ။ကဲဒါဆိုအစ်ကိုရေကြက်သွန်နီနဲ့ဂျင်းထောင်းဗျ။ကျွန်တော်ဝက်သားလှီးလိုက်မယ်။ဗိုက်ကဆာပါတယ်ဆိုဝက်သားကရေပူစိမ်ရသေး။ရေခဲသေတ္တာထဲထည့်ထားတော့ခဲနေတာပေါ့။ဝက်သားရေပူစိမ်သခိုက်ဒီဟာလေးလုပ်လိုက်တယ်။
င်းရယ်ရောထောင်းထားတာလေးပါ။ပြီးအရောင်လေးပါထည့်ပြီးသမလိုက်တယ်။ယောကျာင်္လေးတွေဆိုတော့ဖြစ်သလိုပေါ့ဗျာ။မိန်းကလေးတွေလောက်တော့ဘယ်ချက်တတ်မလဲနော့်...ကြက်သွန်ဖြူကမရှိတော့ဂျင်းနိုင်နိုင်လေးထည့်ထောင်းလိုက်တယ်။ပြီးတော့အာလူးကိုလဲအခွံနွှာလိုက်ပြီးလေးစိတ်ဆိပ်လိုက်တယ်လေ။အမျာကြီးတော့ဟုတ်ပါဘူး။အာလူးကလေးလုံးတင်ပါဗျာ
19/06/2011
အမှတ်တရအလွဲ။
ဒီနေညနေစာကိုဘယ်မှာသွားစားမလဲပေါ့။ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေရင်းသူငယ်ချင်းနှစ်ယောက်တိုင်ပင်နေလိုက်တယ်။ညနေ ၅:၀၀ ရီလောက်ရေမိုးချိုးပြီးအခန်းကနေကျွန်တော်တို့မြို့လေးရှိရထားဘူတာသို့ထွက်လာခဲ့သည်။ဘူတာသွားရာလမ်းတစ်ရှောက်သူငယ်ချင်းအခန်းရှိကွမ်းယာထုပ်ယူရမည်ဟုပြောသောကြောင့်ကျွန်တော့်တို့နှစ်ယောက်ခြေလျင်လျှေက်လိုက်ကြတယ်။သူငယ်ချင်းအခန်းရောင်တော့အခန်ပိုင်ရှင်တွေကမရှိကြဘူးလေ။ဖုန်းဆက်ကြည်လိုက်တော့သူတို့တွေငါးမျှားသွားကြတယ်။သူငယ်ချင်းကငါးမျှားလာခဲ့၏တဲ့။ taxyလွတ်လိုက်မယ်တဲ့။အားနာနာနဲ့ငါးမျှားတဲ့နေယာလိုက်သွားပြီးကျွန်တော်လဲငါးမျှားဖြစ်လိုက်သေးတယ်။ငါးကတော့တစ်ကောင်မှမရပါဘူးဗျာ။
ဘာမှမဟုတ်သောမင်းသား။
ကျွန်တော်ကိုရီးယားမင်းသားတော့ဟုတ်ဘူး။အပျော်တမ်းစမ်းလုပ်ကြည့်တာအဆင်ပြေသွားတယ်လို့ပြောရမှာဘဲ
တစ်ခါမှလုပ်လဲလုပ်ဖူးဘူး။အဲဒီနေ့ကအလုပ်ရှိဘူးလေ။ဘာလုပ်ရမလဲ
စဉ်းစားလိုက်တော့ဒါလေးလုပ်ဖြစ်သွားတယ်။နှင်းတွေကလဲတစ်အာကျ
နေတာလဲပါတာပေါ့။ဒါနဲ့သူငယ်ချင်းနှစ်ယောက်ကင်မရာတစ်လုံးနဲ့ဟိုရိုက်
ဒီရီုက်ပေါ့။ရူးကြတာ။
တစ်ခါမှလုပ်လဲလုပ်ဖူးဘူး။အဲဒီနေ့ကအလုပ်ရှိဘူးလေ။ဘာလုပ်ရမလဲ
စဉ်းစားလိုက်တော့ဒါလေးလုပ်ဖြစ်သွားတယ်။နှင်းတွေကလဲတစ်အာကျ
နေတာလဲပါတာပေါ့။ဒါနဲ့သူငယ်ချင်းနှစ်ယောက်ကင်မရာတစ်လုံးနဲ့ဟိုရိုက်
ဒီရီုက်ပေါ့။ရူးကြတာ။